DridJack ၏​ကြောက်​စရာ​ကောင်း​သောအန္တရာယ်

Zawgyi Version
.
.
.
.
.
.
.
.
.
.
Unicode Version
.
DroidJack ၏ ကြောက်စရာကောင်းသော အန္တရာယ်
.
.
တယ်လီဖုန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ ဖုန်းများ၏ အရေးပါမူ့ ကဏ္ဍမှာလည်း မြှင့်တက်လျှက်ရှိပါတယ်။ နေ့စဉ်အသုံးပြုနေသော ပစ္စည်းစာရင်များကို ပြပါဆိုလျှင် တယ်လီဖုန်းသည် ထိပ်ဆုံးစာရင်းတွင် ပါဝင်နေမည်ဖြစ်သည်။ ဖုန်းအသုံပြုခြင်းနှင့်အတူ အင်တာနက်ပါကိုပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် အင်တာနက်သည် မရှိမဖြစ်သော အရာတစ်ခုကဲ့သို့ ရပ်တည်နေပြီဖြစ်သည်။
.
လူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန် အချက်အလက်များ ပေးပို့ရန် နှင့် အခြားသော စီးပွားရေးဆိုင်ရာ လှူ့မှူ့ရေးဆိုင်ရာ ကဏ္ဍတို့အတွက် အင်တာနက်သည် အထူပင်အရေးကြီးသော အရာတစ်ခုဖြစ်ပါတယ်။ ယခုခေတ်ကို အင်တာနက်ခေတ်လို့ ပြောမယ်ဆိုလျှင် ကျွှန်တော်လွန်မယ်မထင်ပါ။ နေ့စဉ်နေ့တိုင်းတွင် တြီလီယံနှင့်ချီသော လူများသည် အင်တာနက်ကို နေ့စဉ်နှင့်အမျှ အသုံးပြုနေရပါတယ်။ နိုင်ငံတကာစစ်တမ်းတစ်ခုမှ ဖော်ပြချက်အရ ဖေ့ဘွတ်သုံးစွဲသူအရေအတွက်ဟာ နေ့စဉ် ၁၀ ဘီလီယံရှိပါတယ်။
.
အင်တာနက်များ ဖုန်းများ တွင်ကျယ်လာသကဲ့သို့ လူတွေကို ဖြေဖျော်ပေးမည့် Android Application များ၏အရေးပါမှူ့ ကဏ္ဍကိုလည်း မမေ့ထားသင့်ပေ။ Android Application များကို Download and Upload လုပ်နိုင်သော Google Play Store တွင် နေ့စဉ် ထောင်ပေါင်းများစွာသော Applications အသစ် အသစ်များ ထွက်ပေါ်လျှက်ရှိပါတယ်။ ထို အသစ်အသစ် ထွက်ပေါ်နေသော Applications များတွင် Malicious Applications ဟု ခေါ်သော Attacker or Hacker များမှ တိုက်ခိုက်ရန်အတွက် အထူးပြုလုပ်ဖန်တီးထားသော Applications ပေါင်းများစွာလည်းရှိပါတယ်။ ထို Applications များထဲမှ DroidJack ဟုခေါ်သော Remote Administration Trojan (RAT) ဟုခေါ်သော အဖျက်စွမ်းအားပြင်ထန်သည့် Android RAT တစ်မျိုးရှိပါတယ်။ ထို DroidJack ဖြင့် ဖန်တီးထားသော Applications များကို Installation လုပ်မိပါက စာချစ်သူတို့၏ အချက်အလက်များကို Attacker or Hacker များမှ ရရှိသွားမည် ဖြစ်သည်။
.
Attacker or Hacker များသည် DroidJack ကို အသုံးပြုကာ Android ဖုန်းများအတွက် Applications တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ထို့နောက် ဖန်တီးလိုက်သော Application ကို Google Play Store သို့ လွှတ်တင်လိုက်ပါတယ်။ အသုံးပြုသူများသည် Attacker or Hacker မှ ဖန်တီးထားသော Application ကို Installation လုပ်မိသွားပါက ထို Application သည် Victim သားကောင်၏ဖုန်းနှင့် Attacker or Hacker ၏ ကွန်ပြူတာကို ချိတ်ဆက်ပေးကာ Victim သားကောင်၏ ဖုန်းတစ်ခုလုံးကို ထိန်းချူပ်ခွင့်ရရှိသွားခြင်း ဖြစ်သည်။
.
DroidJack ဖြင့် လုပ်ဆောင်နိုင်သောအရာများမှာ - SMS အသွားအလာများကို ကြည့်ရူ့နိုင်ခြင်း ၊ ဖုန်းခေါ်ဆိုမှူ့များကို ကြည့်ရှူ့နိုင်ခြင်း ၊ ဖုန်းထဲတွင် မှတ်သားထားသော အမည်စာရင်းကို ကြည့်ရှူ့နိုင်ခြင်း ၊ ကင်မရာနှင့် စကားပြောနိုင်သည့် Speaker များကို အဖွင့် အပိတ်ပြုလုပ်နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။
.
Google Play Store ထဲတွင် Attacker or Hacker များမှ တိုက်ခိုက်ရန်အတွက် ဖန်တီးထားသော သန်းပေါင်းများစွာသော Applications များရှိပါတယ်။ Applications များ သည် ယနေ့ခေတ်တွင် ရေပန်းစားနေသည့် အရာတခုဖြစ်သည့်အတွက် Attacker or Hacker များအတွက် မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ Attacker or Hacker များသည် Applications များဖြင့် ဖန်တီးတိုက်ခိုက်ခြင်းသည် အဓိကပစ်မှတ်သဖွယ်ဖြစ်လာလို့ နေပါတယ်။ ထို့ကြောင့် စာချစ်သူများအနေဖြင့် မသိသည့် မရင်းနှီးသည့် Applications များကို Installation မလုပ်မိစေရန် အလွန်ပင်ရေးကြီးပါတယ်။ မဖြစ်မနေ Installation လုပ်ရမည် ဆိုပါက မိမိ Installation လုပ်မည့် Applications ၏ အကြောင်းအရာကို သေချာသိအောင် စုံစမ်းသင့်ပါတယ်။ မကျွှမ်းကျင်ပါက နီးစပ်ရာ နည်းပညာရှင် များထံမှ အကူအညီရယူပြီး မေးမြန်းစုံစမ်းကြည့်နိုင်ပါတယ်။ ကမ္ဘာပေါ်တွင် Android ဖုန်းများတိုက်ခိုက်ခံရမှူ့ ပမာဏသည် နေ့စဉ်နှင့်အမျှ ရှိပါတယ်။ ထို့ကြောင့် စာချစ်သူများအနေဖြင့် Attacker or Hacker များ၏ တိုက်ခိုက်ခိုက်ရခြင်းမှကင်းဝေးအောင် နည်းပညာလုံခြုံရေး သတိရှိရှိဖြင့် နေထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ…..
.
Credit >> original uploadr



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

Post a Comment

2 Comments

  1. droidjack လုပ်နည်းလေးကောတင်ပေးပါ....

    ReplyDelete
    Replies
    1. Software programming တတ်​လျှင်​ ကိုယ်​တိုင်​ပြုလုပ်​နိုင်​ပါသည်​။

      Delete