ကျနော်တို့ဆီမှာ တရုတ်ဖုန်းသုံးသူတွေအတွက် အလုပ်ပိုစေတာ တစ်ခုက Google apps တွေပြန်ထည့်ရတာပဲ။ မူရင်းပါလာတဲ့ search engine တို့ store တို့ကလည်း သူတို့နိုင်ငံအတွက်ပဲ အဆင်ပြေလေတော့ ကျနော်တို့တွေ အတွက် Gapps ထည့်တဲ့ကိစ္စကို မဖြစ်မနေလုပ်ရပါတယ်..
Gapps ထည့်ရတာ မခက်ပေမယ့် စနစ်တကျ ထည့်တာပိုကောင်းတယ်။ ကျနော့လို လေ့လာခါစသူတွေ အမြဲမေ့တတ်တာက နောက်ပိုင်းထွက်တဲ့ ဖုန်းတွေဟာ 64bit သုံးလာကြတာကိုပဲ။ Android L မှာ အတွေ့များလာတယ်။ အရင်လို အလွယ်လိုက်ပြီး ဘာမှမကြည့်ပဲ ထည့်ရင် ထည့်လို့ရနေတော့ ဆိုင်တွေက အလွယ်ထည့်ပေးတတ်ကြတယ်။ နောက်တော့မှ သုံးနေရင်း ဟိုဟာမရ ဒီဟာမဝင် ဖြစ်လာတတ်တယ်။
.
လူကြိုက်များ တဲ့ Google Installer ကို 32bit Android 4 အတွက်ရေးထားပြီး နောက်ထပ်လည်း update မလုပ်လေတော့.. Android 5 တွေမှာသုံးတဲ့အခါ version 4.4.x ပဲထည့်ပေးတာတွေ့ရတယ်။ Gapps အချို့က silent update လုပ်ကြတယ်.. သူတို့ update လုပ်တာ မသိလိုက်ရဘူး.. အဲ့လို လုပ်ပေးရင်တော့ အဆင်ပြေတာပေါ့..
.
Redmi Note 3 မှာသုံးတာက 64bit Android 5.0.2 ဖြစ်တော့.. သူ့မှာသုံးမယ့် app တွေက 64bit မှာ အဆင်ပြေတဲ့ဟာ ဖြစ်ရမယ်..
.
Redmi Note 3 အတွက် Gapps ထည့်ဖို့ အောက်က လင့်တွေကနေယူပြီး အစဉ်အတိုင်း install လုပ်ပါ.. Play Store ရပြီ ဆိုရင် သုံးချင်တဲ့ app တွေကို Google account သုံးပြီး Play Store ကနေယူပါ.. Play Store က Phone model နဲ့ ကိုက်ညီတဲ့ version ကိုပဲ install လုပ်ပေးလို့ 32 တွေ 64 တွေ ရွေးနေစရာမလိုတော့ဘူး။
.
1. Google service framework 5.0.2
.
2. Google account manager 5.0.2
0 Comments