Phishing hack ခံရခြင်းမှ ကာကွယ်​နည်း


Hack နည်း​လေး​တွေတင်​ပြီး​တော့ ကာကွယ်​နည်း​လေး​တွေ တင်​​ပေးမယ်​​နော်​။ အခုတ​လော hack cat(ဟတ်​​ကြောင်​) ​လေး​တွေ နည်းနည်းဂြိုဟ်​​မွှေ​နေတယ်​ ကြားလို့်။

Phishingနည်း
သုံးတာ​တော်​​တော်​ ကြာ​နေပြီဖြစ်​တဲ့ နည်း​ပေါ့။ ဒါ​ပေမယ့်​အခုအချိန်​ထိ လူသုံးများတဲ့နည်း​ပေါ့။ ဒီဟာက html code ​တွေနဲ့ Login screen အတုလုပ်​ပြီး​တော့ hack တဲ့နည်းပါ။ ကြည့်​လိုက်​ရင်​​တော့ အစစ်​အတိုင်းပဲ​ပေါ့။ တကယ်​​တော့ login ဆိုတဲ့ဟာနှိပ်​လိုက်​တာနဲ့ ကိုယ်​ထည့်​ထားတဲ့ gmail ,password ,သုံးတဲ့ browser နဲ့ IP Address ပါ​ရောက်​ သူ့gmail ဆီ​ရောက်​သွားမှာပါ။
ကျွန်​​တော်​ ပုံနဲ့ပြပါမယ်​။


ပုံကိုကြည့်​လိုက်​ပါ။ လင့်​​လေးတစ်​ခု​ပေါ့။ အဲ့ဒါကျွန်​​တော် သူငယ်​ချင်း​တွေကို စ,ဖို့လုပ်​ထားတာပါ။ အကုန်​လုံးကို ပြန်​​ပေးလိုက်​ပါတယ်​။ ဒါက ​ú ကျွန်​​တော်​​ပြောတဲ့ html codeကို free hosting မှာတင်​ထားတာ​ပေါ့။ အဲ့လင့်​မှာ ဝိုင်းထားတဲ့ ​နေရာ​လေးကိုကြည့်​လိုက်​ပါ။ ကိုယ်​ဝင်​မှာ facebook login ဆို www.facebook.com မဟုတ်​ရင်​ သတိထား​ပေ​တော့။ ဒါ​တွေက ကိုယ်​ကြိုက်​တဲ့နာမည်​ ​ပေးလို့ရ​တော့ နည်းနည်း ထင်​​ယောင်​ထင်​မှား ဖြစ်​​အောင်​​ပေးထားတာလဲ ရှိတတ်​ပါတယ်​။ ​သေချာသွား​အောင်​ အဲ့လင့်​ထဲကို ဝင်​ကြည့်​လိုက်​မယ်​​နော်​။


ပုံမှာမြင်​ရတဲ့အတိုင်းပဲ အစစ်​လိုလုပ်​ထားတာ​ပေါ့။ တစ်​ချို့ကျ​တော့ ကျွန်​​တော်​နဲ့ ပုံစံမတူတာ​တွေရှိတတ်​တယ်​​နော်​။ gmail တို့ email တို့ကိုလဲ အဲ့လိုပုံလုပ်​လို့ရတယ်​​နော်​။


နောက်​တစ်​နည်းက login ဝင်​ရင်​ ဘာမှမရိုက်​ပဲ ဒါမှမဟုတ်​ ရိုက်​ချင်​တာရိုက်​ထည့်​ပြီိး ဝင်​ကြည့်​ပါ။ ပုံထဲကလို​ပေါ့။ အထဲ​ရောက်​သွားတယ်​ဆိုရင်​​တော့ ဒါ​သေချာပြီ phishing ဆိုတာ။ အဲ့ကျရင်​ ​နောက်​တစ်​ခါ login ထပ်​ဝင်​ပြီး email နဲ့ password ​နေရာမှာ ထိုင်​ဆဲခဲ့။ :-P :-P အဲ့လိုမဟုတ်​ပဲနဲ့ Your email or password are wrong ဆိုရင်​​တော့ Facebook အစစ်​​ပေါ့။ အခုပုံမှာ tttttt ဆိုပြီးရိုက်​ထည့်​ထားတယ်​ အတုဆို​တော့ အထဲ​ရောက်​သွားမှာပဲ။ gmail ထဲသွားကြည့်​ရ​အောင်​​ဗျာ။


Hackတဲ့လူရဲ့ gmail ထဲမှာဒီလို​လေး​ပေါ့။


ဒါ​ပေမယ့်​ အခုတ​လော facebook ကအဲ့လို link ​တွေကို block ထား​တော့ programming နည်းနည်းတတ်​တဲ့လူက​တော့ phishing linkမှန်းမသိ​အောင်​ ​ဆော့ဝဲ​လေး​တွေနဲ့ လုပ်​ကြတာ​ပေါ့။ တစ်​ချို့ကျ​တော့လည်း programming မတတ်​​ပေမယ့်​ online မှာ auto လုပ်​​ပေးတဲ့ apk ​လေး​တွေလုပ်​ကြတာ​ပေါ့။ ကိုယ်​တိုင်​လုပ်​ရင်​​တော့ စိတ်​ကြိုက်​လုပ်​လို့ရတာ​ပေါ့။ ကျွန်​​တော်​လဲ ​ဆော့ဝဲတစ်​ခု​ရေးထားတယ်​​ဗျ။ ပုံ​လေးမှာကြည့်​​ပေါ့​ဗျာ။ ကျွန်​​တော်​​ရေးထားတာက Facebook feed ဆိုပြီး​ရေးထားတာ​ပေါ့​ဗျာ။ အဲ့တာ​လေးကို hack မယ့်​လူ​တွေက ကိုယ့်​​ဆော့ဝဲ​လေးကို ဖြန့်​ကြတာ​ပေါ့။ ဥပမာ သုံးရတာ မြန်​တယ်​​ပေါ့​ဗျာ။ offical facebook မဟုတ်​​တော့ 0.2MB ​လောက်​ပဲရှိ​တော့ မသိတဲ့လူ​တွေက သုံးကြတာ​ပေါ့​ဗျာ။ ​ကျောချမှ ဓားပြမှန်းသိဆိုသလို login ဝင်​ပြီးမှ hack ခံရမှန်းသိ​တာ​ပေါ့။ အဲ့ကျရင်​ ကာကွယ်​နည်း ဆက်​​ပြောပြပါမယ်​။


အဲ့လို ​ဆော့ဝဲနဲ့ ဝင်​​တော့မယ်​ဆို အ​ပေါ်က​ပြောသလို ဒုတိယနည်းနဲ့ စမ်းကြည့်​ပါ။ password တစ်​ခါမှားတာနဲ့ account ​တော့မပိတ်​​လောက်​​ပါဘူး။ :-) :-)  ​နောက်​တစ်​ခါ ဝင်​ပြီးခါမှ hack ခံရမှန်းသိရင်​ချက်ချင်း​​ Facebook ကို password change ပြီး two-step ခံလိုက်​ပါ။

အဆင်​​ပြေကြပါ​စေ​။
Admin >> Crown Princes
Ref >> အိမ်​​ရှေ့မင်းသား - နည်းပညာ


Post a Comment

4 Comments

  1. Enter your comment...ဆရာ ​ကျေးဇူးပြု၍ acc\email \like အသစ်​​လေးတစ်​ခုလုပ်​​ပေးပါလား ညီမaccပြန်​မျှားယူမလိုပါ ပီး​တော့ ဘာသာ​ရေး​စော်​ကားသူးများ နှမချင်းမစာနာတဲ့ fb acc​လေး​တွေကို လိုက်​ပြီးပညာပြန်​​ပေးမလို့ပါ အဲဒီphishing likeက ဖွင့်​ရအရမ်းခဲတယ်​ သ
    မီးကိုတိုင်​လုပ်​မရလို့ ကူညီနိုင်​မလား ဆရာ

    ReplyDelete
    Replies
    1. Facebook Account သို့လာခဲ့ပါ။ www.facebook.com/saiwaihlyantun

      Delete
  2. phishing linkလုပ်​ချင်​လာခဲ့​လေ....လုပ်​​ပေးမယ်

    ReplyDelete
  3. phishing linkလုပ်​ချင်​လာခဲ့​လေ....လုပ်​​ပေးမယ်

    ReplyDelete