Apple ဖခင်​ကြီး စတိ​ဗ်​​ဂျော့ဟာ ​ဖေးမကူသးညီတတ်​​သော နှလုံးသားရှိသူဖြစ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ဟာ စတိဗ်ဂျော့ ကွယ်လွန်ခြင်း လေးနှစ်ပြည့် ဖြစ်ပါတယ်။ ယင်းနေ့မှာပဲ စတိဗ်ဂျော့နဲ့ပက်သက်လို့ အမှတ်တရ စကားများ ပြောဆိုကြရာမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့ internet software and services ရဲ့ ဒုတိယ ဥက္ကဌ Eddy Cue နဲ့ လက်ရှိ Apple ရဲ့ စီအီးအို Tim Cook တို့မှ Stevejob နဲ့ ပက်သက်တဲ့ ဖြစ်ရပ်မှန်အချို့ကို ပြန်လည်မျှဝေခဲ့ကြ ပါတယ်။Eddy Cue ဟာ ပုံမှာ ပြထားတဲ့ တစ်ယောက်မဟုတ်ပါ။ Eddy Cue ဟာ Apple iTune ရဲ့ ဦးဆောင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ Cue ရဲ့ အမျိုးသမီးဟာ ကင်ဆာရောဂါရှိနေပြီး ၂၀၁၀ နောက်ပိုင်းမှာ သိသိသာသာ ပြင်းထန် လာပါတယ်။ နေ့တိုင်း ဝမ်းနည်း မျက်နှာနဲ့ အလုပ်တက်တဲ့ Cue ကို စာနာတာကြောင့် စတိဗ်ဂျော့ဟာ ဘာကြောင့်ဝမ်းနည်းရတဲ့ ဖြစ်စဉ်ကို မေးမြန်းပြီး Cue ရဲ့ အမျိုးသမီးမှာ ကင်ဆာရှိနေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်မို့ Stevejob ဟာ Cue နဲ့ သူ့အမျိုးသမီးအတွက် ကင်ဆာ ဆိုင်ရာ သီးသန့် သုသတေသန ပြုလုပ်ပေးတဲ့ ဆရာဝန် နှစ်ဦးထက်မနည်းဖြင့် တွေ့ဆုံစေခဲ့ပြီး ယင်း ကင်ဆာကို ပျောက်ကင်းအောင် ကုသမယ့် ဆေးနည်းကို အတူ ရှာဖွေကြ ပါတယ်။ Stevejob အနေနဲ့ နည်းပညာမှာတင် မက ဆေးပညာနဲ့ ဘယ်နယ်ပယ်မှာမဆို စွန့်ဦးဖန်တီးမှုကို လိုလားသူဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဆေးနည်းအတိုင်း ကုသခဲ့ရာ Cue ရဲ့ အမျိုးသမီးဟာ ကင်ဆာ ပျောက်သွား ပါတယ်။ ဝမ်းနည်းမျက်ရည်ကြတဲ့ Cue ကို ပွေ့ဖက်လို့ Stevejob ဟာ အားပေးခဲ့ ပါတယ်။ Apple ကုန်ပစ္စည်းသစ်မိတ်ဆက်တဲ့ keynote ပွဲတွေမှာလည်း Eddy ကို ပွဲထုတ်ပေးခဲ့ ပါတယ်။ ဒါ့အပြင် Eddy Cue ရဲ့ သမီးလေးမှာပါ ကင်ဆာ ပါလာနိုင်မှာစိုးတာကြောင့် စစ်ဆေးမှုများကို သီးသန့် ပြုလုပ်ပေးခဲ့ ပါသေးတယ်။Tim Cook ကိုယ်တိုင်ကလည်း တစ်ချိန်တုန်းက ကျန်းမာရေး ခြူချာသူ ဖြစ်ပါတယ်။ ဆေးရုံတတ်ပြီး ခွဲစိတ်ကုသရတဲ့အထိ ပြင်းထန်တဲ့ ရောဂါ အချို့ကြောင့် Stevejob က ဘေးကနေ ဖေးမ စောင့်ရှောင့်ပေးခဲ့ ပါတယ်။ Tim Cook အတွက် အိမ်ထောင်ဖက် တစ်ယောက်ရှာဖို့အတွက် တိုက်တွန်းပြီး အောင်သွယ်တောင် လုပ်ပေးခဲ့ဖူးပါတယ်။ အဲ့အချိန်ကလည်း Tim Cook ဟာ အလုပ်လုပ်နေရင် ပျော်ကြောင်း အိမ်ထောင်ဖက် မလိုကြောင်း ငြင်းဆန်ခဲ့လို့ ဖြစ်ပါတယ်။ တကယ်တန်းကျတော့ Tim ဟာ Gay တစ်ယောက်ဖြစ်တယ်ဆိုတာ Steve Job ကွယ်လွန်ပြီး နောက်ပိုင်းမှ တရားဝင် ကြေညာတာပါ။ Stevejob သိခဲ့ပုံ မပေါ်ပါဘူး။ Steve နဲ့ Tim ဟာ ရုပ်ရှင်ဇာတ်ကားများကို အတူကြည့်ရှုပြီး Steve အနေနဲ့ Gandhi နဲ့ Remember the Titans ဆိုတဲ့ ဇာတ်ကား နှစ်ကားကို ကြိုက်နှစ်သက်သူ ဖြစ်ကြောင်း Tim Cook မှ ပြောကြား ပါတယ်။ Stevejob ဟာ ကမ္ဘာကို ပြုပြင်ပြောင်းလဲနိုင်သူများရဲ့ ၎င်းတို့ရဲ့ မှတ်တမ်း ရုပ်ရှင်များကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ကမ္ဘာကို ဘယ်လို ပြောင်းလဲမှုကောင်းများ ဖြစ်စေတယ် ဆိုတာကို စဉ်းစားတွေးခေါ်နေတတ်သူ ဖြစ်ကြောင်း ဆိုပါတယ်။တကယ်တန်းကတော့ Stevejob ဟာ အများထင်ထားကြသလို ရက်စက်တတ်သူ မဟုတ်ပဲ သူ့ရဲ့ မိသားစုဝင် အမျိုးသမီး၊ သမီး တို့ကို စောင့်ရှာင့်ပေးတတ်သူ ဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်းများရဲ့ မိသားစုကိုပါ စောင့်ရှောင့် ကူညီ ပေးတတ်သူ ဖြစ်ကြောင်း Stevejob ရဲ့ ကွယ်လွန်ခြင်း လေးနှစ်ပြည့်မှာ Tim Cook နဲ့ Eddy တို့က အင်တာဗျူးမှာ ဖြေကြားခဲ့ကြ ပါတယ်။
.Ref: dailymailအောင်ခမ်း (MMA)

Post a Comment

0 Comments